တရားဒေသနာတော်
ကဗျာ
ကာတွန်း
ဆောင်းပါး
အက်ဆေး
ဝတ္ထုတို
ကျန်းမာရေး
နည်းပညာ
အားကစား
အထွေထွေ
Recent Posts
ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား
လူ မျိုး အ ပေါင်း တို့ အ တွက် ခရစ္စမတ် အ ရှင်။
ခရစ္စမတ်ဆိုတာ
ဒီဇင်ဘာမှာနွဲလို့ပျော် ခရစ်ဘုရားရဲ့မွေးနေ့တော်
MERRY CHRISTMAS
သီချင်းများပေးပို့လိုလျှင်
ဒီဇင်ဘာမှာနွဲလို့ပျော် ခရစ်ဘုရားရဲ့မွေးနေ့တော်
Posted by thangno on December 7, 2011 · Leave a Comment
နှင်းတွေဖွေးဖွေး လွန်စွာအေးတဲ့ ဆောင်းညတစ်ညမှာ ခရစ်တော်ရှင်ဟာ ဗက်သလင်မှာ ဖွားမြင်တာ။ လောကကမ္ဘာ လူသားများဟာ အဆောင်အယောင်များ လိမ်းကျံကာ မွေးနေ့ပွဲတွေ ကျင်းပတာ တို့ဘုရားရှင် သခင် ကတော့ ရိုးသားသိမ်ငယ် မွေးလာတယ်။ သိုးစုတစ်စု သိုးထိန်းများတို့ ချမ်းခိုက်တုန်ကာ စောင့်နေရာ ကောင်းကင်တမန် ထင်ရှားပြလာ သတင်းကောင်းကို ဖြန့်လို့ဝေကာ သွားဖူးကြစို့ ဆွေတို့ရာ။ သားငယ်(သံဝင်း)
Category ကဗျာ · Tags ကဗျာ
တွေး မိ သည့်ပုစ္ဆာ
Posted by thangno on June 20, 2011 · 1 Comment
ငါ့ဒူးကိုချိုး အဖေါ်နဲ့ခွါ ဘယ်ဆီကိုမသိ သူခေါ်ဆောင်ရာ ငါလိုက်ရရှာ …။ ငါ့ဒီခန္ဓာ နှစ်ခြမ်းခွဲလို့ အမြင်ရယ် မသင့်တော် ရက်စက်လိုက်ကြ ပြင်းပြဝေဒနာ ဘယ်ဝဋ်ကြွေးရယ်မှ ပြေနိုင်ပါ့မလား …အိုသံသရာ …။ ငါ့အူကိုထုတ် မကျေနပ်နိုင် လက်ကိုခုတ်ထစ် တွေးကြည့်ရင်မှာ ဤသခင်ဟာ လူစင်စစ်မှ ဟုတ်ပါလေစ …။ ကိုယ်တွေ့ရယ် မယုံနိုင်စရာ သူတကာ အပြုံးနဲ့ကြိုလို့ လူတကာ ရင်ဝယ် အေးမြစေဖို့ သယ်ဆောင်လာ ဒီစမ်းရေအေးက ငါ့ကိုယ်ကဆင်း …။ လမင်းဒီ (ဧရာဝတီ ၊ ကရာနီ)
Category ကဗျာ · Tags ကဗျာ
ရေနွေး
Posted by thangno on June 20, 2011 · Leave a Comment
ကြည့်စမ်း ငါ့ …အနာဂတ်တွေေ၀၀ါးနေလိုက်တာ ခြေတဘက်စာနေတဲ့ဘ၀နဲ့ ဦးနှောက်မရှိတဲ့မျက်လုံး ဘ၀တစ်လျှောက်လုံးရှောင်ကျဉ်ခဲ့သမျှ အခု …ငါ့အနားကို ချဉ်းကပ်လာနေကြတယ်။ ယောဘရဲ့သစ္စာ ယုဒရဲ့အနမ်း အားလုံးကိုခွဲခြမ်း ဘယ်လှမ်းရမှန်းမသိတဲ့ခြေထောက်တွေ ငါ့ရဲ့နွေကို ပူလောင်စေခဲ့တယ်။ ဘယ်လိုလုပ်ရမလဲ အပူလည်းမဟုတ် အအေးလည်းမဟုတ်နဲ့ ထွေးမထုတ်သေးတဲ့ဘ၀ကိုပဲ ကျေနပ်နေရမလား။ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ဒွိဟတွေကြားကခြေလှမ်း ယောဘဆီတစ်လှမ်းလှမ်းနေချိန်မှာ ငါ့လက်တဘက်က ငွေသုံးဆယ်ကိုင်လို့။ ဘိုနောင် (ခေတ္တရာ)
Category ကဗျာ · Tags ကဗျာ
မင်းကြောင့်
Posted by thangno on June 20, 2011 · Leave a Comment
မင်းကြောင့် ငါကြေကွဲ မင်းကြောင့် ငါငိုပွဲ မင်းကြောင့် ငါေ၀၀ါး ကွဲလွဲတဲ့ ဂိုဏ်းဂဏ စွဲမြဲတဲ့ အယူသီးမှု ဒါတွေအားလုံး မင်းဝေးရင် မင်းနဲ့သာ ငါမိတ်ဖွဲ့ သာသနာ အသစ်မှာ ပျော်ရွှင်မှု အတိနဲ့ တစ်သက်တာ လမ်းခရီး လျှေက်လှမ်းစို့ အတူတူ သင်ရိုးညွှန်းတမ်းတော့ လဲခဲ့ပေါ့ ။ ။ ထူး(နွယ်ခွေ)
Category ကဗျာ · Tags ကဗျာ
အိ ပ် မက် သ စ်
Posted by thangno on June 20, 2011 · Leave a Comment
စိတ်သစ် လူသစ် ဘ၀သစ် အင်္ကျီသစ် ဘောင်းဘီသစ် စက်္ကန့်အသစ် သီချင်းအသစ် အချစ်သစ် ဒုက်္ခအသစ် အသစ် . . . အသစ် . . . အသစ်တွေများ . . . ။ အဟောင်းထဲက အုတ်မြစ် သမိုင်းနောက်ခံနဲ့ထုဆစ် ရှင်သန်မွေးဖွားတဲ့ခရီးသစ် ပျင်းရိတာတွေ စွန့်ပစ် အနာဂတ်ကို ဆက်ချစ် . . . ။ အဟာင်းတွေရဲ့ သင်္ချိုင်းမှာ သင်္ဂြိုဟ်ခံရတဲ့ အခါ အိပ်မက်သစ်က ဆက်ပြီး . . . ဆက်ပြီး . . . မျှော်လင့်ခြင်းကြိုးစကို ချပေးနေလေရဲ့ . . . ။ ။ စောခိုင်မြဲအောင် (လွိုင်ကော်)
Category ကဗျာ · Tags ကဗျာ
ကိုယ် ချင်း စာ တ ရား
Posted by thangno on June 20, 2011 · Leave a Comment
သာနေကျ ညအခါထက် အိုဗာတိုင်း(မ်) ဆင်းတဲ့ “လ” နေသာချိန် ကြောင်စီစီ ကြည့်လို့ကို အဆင်မပြေဘူး ။ ဒါက သူ့အမြင်ပေါ့ . . . ။ ရှိသမျှလောင်စာနဲ့ အစွမ်းကုန် နေရောင်ကို အံတု ငါဒီမှာဟေ့လို့ အသိပေးနေရတာ လွယ်တာမှတ်လို့ . . . ။ ။ ရှငိုင်ဂျော် (MICT)
Category ကဗျာ · Tags ကဗျာ
အိပ် မက် ကမ်း ပါး
Posted by thangno on June 20, 2011 · Leave a Comment
တစ်ခြမ်းအမှောင်ချထားတဲ့ နှလုံးသားများလေ ပြိုးပြက်ဝင်းလက်ထယ်ဝါ ရိုးတိုးရိပ်တိတ်ရှိလွန်းလှချည်ရဲ့ ….၊ ငါ့မှာသာ ခဏခဏလငပုပ်အဖမ်းခံရသလို နှလုံးသားတစ်စုံကို ဖုံးဖိသိမ်းဆည်းတိုက်ချွတ် ပွဲမထုတ်ရဲ ခန်းဆက်မများချင်လည်း ကြားဖြတ်ကြော်ငြာရှောင်တိမ်းတာနဲ့ အိပ်- မက်- များ ညတာရှည်နေရ …၊ အာမခံမရတဲ့ မျက်မြင်သက်သေတော့ရှိပါတယ် ဘာမှမရှိတဲ့အရာ ဘာမှမရှိကြောင်းသက်သေပြဖို့ နှင်း … ဆွတ်ခူးရမယ် ကြယ် … ၀င်စားရမယ် ပြီးတော့ ပွန်းပဲ့ထိရှဒဏ်ရာ ဒါ … နှလုံးအိမ်ရဲ့ ကိုယ်ရုံတွေပါပဲ အိပ်မက်တွေအစာမကြေ ညတာရှည်နေလည်း နေပါစေတော့ … စံပယ်ဖြူရယ် …။ မြကဗျာ
Category ကဗျာ · Tags ကဗျာ
တုနှိုင်းမမီသော အဖေ
Posted by Mi Suzanna Khin Maung on June 7, 2011 · Leave a Comment
အဖေသည် ဘဝ၏ စွမ်းအင် အသက်၏အမြစ် နှလုံးသား၏ လှေကား လူသားများ၏ အရိပ် ပဲ့ကိုင်မဲ့သူ လှေငယ်လေးကို ကမ်းစပ်တစ်ဘက် ထိုအရပ်သို့ ပို့ဆောင်ပေးတာ အဖေပါ သားလည်းကြိုးစား အဖေကဲ့သို့ မေတ္တာတရား စေတနာပွားကာ လူ့လောကအလယ် မျက်နှာပန်းလှ သားသမီးများ ထွန်းတောက်ကြယ်လို တင့်တင့်တယ်တယ် ထားနိုင်ခဲ့သည် သို့သော် အဖေ့ခြေရာ လိုက်မမီခဲ့ပါ အဘယ်ကြောင့်ဆိုသော်………… အဖေသည် အဖေဖြစ်နေခဲ့၍…………။ ဆဘောင်ဆိုး (မြိုခမီသာသနာ)
Category ကဗျာ · Tags
အမိုး (သို့) ထာဝရကြယ်စင်
Posted by Mi Suzanna Khin Maung on June 7, 2011 · Leave a Comment
အမိုး …. ဟာ ရိုးသားခြင်းရဲ့ ပြယုဂ် …. ။ အမိုး …. ဟာ ကြိုးစားခြင်းရဲ့ သက်သေ …. ။ အမိုး …. ဟာ တိုးပွားခြင်းရဲ့ ဖြစ်စဉ် …. ။ တကယ်တော့ အမိုး …. ဟာ မြေကမ္ဘာရဲ့ မိခင် (တို့များအတွက်) ထာဝရကြယ်စင်တစ်စင်းပါပဲ …. ။ မင်းမာန်ဟုန် (ကျောက်ကုန်း) (မှတ်ချက် ။ ။ အမိုး = အမေ)
Category ကဗျာ · Tags
ယောက္ခမ မေမေ
Posted by Mi Suzanna Khin Maung on June 7, 2011 · Leave a Comment
ကမ္ဘာဦးအစကထဲက သမက်နှင့် ယောက္ခမ တကျက်ကျက် ဘောက်ကျ တစ်ယောက်က အဖြူဆို တစ်ယောက်က အမည်း အမြဲတလွဲ အတွေးတွေနဲ့ ဆဲရေးကြရတဲ့ အထိတဲ့ ….။ ဒါပေမယ့် …. မိုးမိုးဟာ …. နွေအိုအို …. ခြောက်ကပ်ကပ်ဘဝထဲ ရေချိုချိုတစ်ပေါက် မငတ်စတမ်း သောက်ချလိုက်ရသလို အမေအပိုတစ်ယောက် ထပ်ရခဲ့ရတာ ကျွန်တော်ပါ …. ။ ရင်ဝယ်သားလို မေတ္တာတွေပိုခဲ့သမျှ မွေးအမေနဲ့မခြား ကျွန်တော် လေးစားခဲ့ရတဲ့ အမေပါ ….။ ကျွန်တော်တို့ရဲ့ ခရီး လက်ရည်တပြင်စီးခဲ့ကြ တစ်မိုးလုံး အရိပ်ရသလို ကျွန်တော် စိုးမထိတ်ရသမျှ အေးမြတဲ့ ကရုဏာနေရာမှာ တခုခု ဟာသွားသလိုပါဘဲ အခုလိုအခါမှာပေါ့ …. ။ အပြုံးတစစနဲ့ နှလုံးလှလွန်းတဲ့ အမေ သခင်ဘုရားရဲ့ ရင်ခွင်ထက် ငြိမ်သက်စွာ ခိုလှုံ အထက်ဘုံ ရွှေခရီး တစ်ယောက်တည်း ထွက်သွားခဲ့ ရက်များစွာ ကြာညောင်းလည်း မဟောင်းနိုင်ခဲ့သေးပါ အကြောင်းလေးတွေ တိုင်ဆိုင်တိုင်း တစ်သက်မပြေ အနှိုင်းမဲ့အတွက် မျက်ရည်တွေ ဝိုင်းနေဆဲပါ …. အမေ။ ဆွေမွန်ရဲ့ ဝေဒနာကို စောရွယ်လူး(ကယ်တင်ခြင်းတပ်)ထုဆစ်သည်။
Category ကဗျာ · Tags
|